အိုးရှိမနိုးခိ လယ်ယာသုံးစက်ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီ ကို ၁၉၁၇ခုနှစ်တွင် ဂျပန်နိုင်ငံ၌ စတင်တည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံ၏ စက်မှုလယ်ယာ ကူးပြောင်းရေး ကဏ္ဍတွင် အထောက်အကူဖြစ်စေခဲ့ပါသည်။ အိုးရှိမနိုးခိ မြန်မာ အားကျွန်ုပ်တို့၏ မြန်မာပြည်ကုမ္ပဏီ ခွဲအဖြစ် ၂၀၁၇ခုနှစ် သြဂုတ်လတွင် တည်ထောင်ခဲ့ပါသည်။ မြန်မာပြည်တွင်းတွင် အရည်အသွေးမြင့်မားသော Japan Quality စက်ပစ္စည်းများကို ချိုသာသောဈေးနှုန်းဖြင့် ထုတ်လုပ်၍ ယခင်က ပင်ပန်းဆင်းရဲစွာ လုပ်ဆောင်ခဲ့ရသော စပါးအခြောက်ခံခြင်း လုပ်ငန်းများကို လျှော့ချပေးနိုင်စေပါမည်။ ဝယ်ယူအသုံးပြုသူများ စိတ်ချလက်ချ အသုံးပြုနိုင်သော စပါးအခြောက်ခံလုပ်ငန်း ဖြစ်ပေါ်စေရန်အတွက် After Sales Service ဝန်ဆောင်မှုများဖြင့်လည်း စိတ်ကျေနပ်မှုရရှိစေရန် ရည်ရွယ်ပါသည်။ ဝယ်ယူအသုံးပြုသူများ၏ အသံကို နားစွင့်ရင်း လူ့အဖွဲ့အစည်းနှင့် စက်မှုကဏ္ဍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးနှင့် အတူတကွ လက်တွဲ ဆောင်ရွက် သွားလိုပါသည်။ ရှေ့ဆက်၍ လူကြီးမင်းတို့အားလုံးရဲ့ ရေရှည် နားလည်မှု၊ အားပေးမှု၊ ထောက်ပံ့ကူညီမှုများနှင့် ရှေ့ဆက်သွားမည်ဟု ရည်မှန်းထားပါသည်။
OSHIMANOKI MYANMAR
ကုမ္ပဏီ ပေါ်လစီ
မြန်မာပြည် သာယာဝပြောစေရန်
မြန်မာနိုင်ငံတွင် ကုမ္ပဏီအသစ်၊ စက်ရုံအသစ်ဖြင့် ၂၀၁၇ ခုနှစ် ၈လပိုင်း ၁၅ရက်နေ့တွင် စတင်ခဲ့ပါသည်။ ONM ၏စက်ရုံမှာ ၃၆၁၀ m2 နှင့် မြေဧရိယာ ၆၀၀၀ m2 ကျယ်ဝန်းပြီး ရင်းနှီးမြုပ်နှံငွေ ၅.၃ သန်း ဒေါ်လာဖြင့် တည်ဆောက်ထားပါသည်။ Kajima Construction ဖြင့်ဆောက်လုပ်ခဲ့ပါသည်။ ရုံးချုပ်ကိုယ်စားလှယ်မှာ Mr.Nobuhiko Oshima ဖြစ်ပြီးလက်ရှိဝန်ထမ်းဦးရေ ၂၇ ဦးဖြင့် လည်ပတ်နေပါသည်။ အဓိကထုတ်ကုန်အားဖြင့် စပါးခွံလောင်စာသုံးမီးဖိုနှင့်တွဲသုံးရသော စပါးအခြောက်ခံစက်ကို ထုတ်လုပ်လျက်ရှိပါသည်။
တစ်ချိန်ကဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်ခဲ့ပြီး စပါးစိုက်ပျိုးရန်သင့်တော်သော ရာသီဥတုနှင့် မြေဆီလွှာတို့ဖြင့်ပြည့်စုံကောင်းမွန်ပြီး တိုးတက်မှုအလားအလာမြင့်မားခြင်း စစ်ပြီးကာလဂျပန်သည် မြန်မာပြည်မှထွက်သောဆန်ဖြင့် အကူအညီဖြစ်ခဲ့ရခြင်း။ ဆန်စက်ပေါင်း ၁၅၀၀၀ ခန့်ရှိသည်ဟုသိရှိရသည်။ ခေတ်၏တိုးတက်မှုနှင့် စက်မှုလယ်ယာတိုးတတ်မှုနှောင့်နှေးခြင်း -
ဂျပန်၊ ထိုင်ဝမ်၊ ကိုရီးယားစသော စပါးအခြောက်ခံစက် ထုတ်လုပ်သူများမှ ထိုးစစ်ဆင်လျက်ရှိသော်လည်း ဈေးကွက်တွင်းသို့ မဝင်ရောက်သေးခြင်း ဈေးနှုန်းမြင့်မားမှု ရှိုနေခြင်း၊ မြန်မာ့လယ်ယာသုံးစက်ကရိယာ ထုတ်လုပ်သူများ အများအပြားမရှိသေးခြင်း။
ဝင်ငွေခွန်: စက်ရုံစတင်လည်ပတ်သည်မှ ၅ နှစ်အတွင်း အခွန်ကင်းလွတ်ခွင့်ရရှိမည် ဖြစ်ပြီး၊ နောက်ထပ် ၅ နှစ်တွင် ၅၀% အခွန်သက်သာခွင့်ရရှိခြင်း။
အုပ်ချုပ်ရေးရုံးအတွင်းတွင် မြန်မာအစိုးရရုံးဌာနများ (သီလဝါစီးပွားရေးဇုံစီမံခန့်ခွဲမှုကော်မတီ) တွင် ပူးတွဲပါရှိနေပြီး လုပ်ငန်းဆောင်တာအမျိုးမျိုးတို့အတွက် ရန်ကုန်၊နေပြည်တော်အထိ သွားစရာမလိုအပ်ဘဲ တစ်နေရာထဲတွင် ပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်း။
လျှပ်စစ်မီး: စက်မှုဇုံအတွင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားခွဲရုံတို့ပါရှိသည့်အတွက် အခြားစက်မှုဇုံများထက် မီးပြတ်လပ်မှုနည်းပါးခြင်း။ စက်ရုံသုံးရေ: ရေလှောင်ကန်မှရေကို ရရှိနိုင်သဖြင့် ရေကောင်းရေသန့်ရရှိခြင်း။ ရေဆင်းမြောင်း: ရေဆင်းမြောင်းများ စက်မှုဇုံတွင်ပါရှိသည့်အတွက်၊ အခြားစက်မှုဇုံများတွင် မိုးရွာလျှင်ရေကြီးရေလျှံမှုများဖြစ်ပွားပြီး သီလဝါစက်မှုဇုံတွင် မဖြစ်ပွားခြင်း။
OshimaNoki ကုမ္ပဏီကို ၁၉၁၇ ခုနှစ်တွင်စတင် တည်ထောင်ခဲ့ပါသည်။ ရုံးချုပ်သည် နိဂသာခရိုင်၊ ဂျောအဲဆုမြို့တွင်တည်ရှိပြီး ကိုယ်စားလှယ်မှာ Mr.Koichi Oshima ဖြစ်ပါသည်။ ရင်းနှီးမြုပ်နှံငွေပေါင်း ယန်း သန်း၁၀၀ ဖြင့်စတင်တည်ထောင် ခဲ့ပြီး ယခုအခါတွင် ဂျပန်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရောင်းဌာန (၆) ခု၊ အခြေချအရောင်းဌာန (၁) ခုနှင့် ကိုယ်စားလှယ်အရောင်းဌာန (၁) တို့ရှိပြီးဖြစ်ပါသည်။ အဓိကထုတ်ကုန်အားဖြင့် လယ်ယာသုံးစက်ပစ္စည်းများ - စပါးအခြောက်ခံစက်၊ စပါးအခွံချွတ်စက် နှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး အသေးစားစက်များ Hydraulic Excavator တို့ကို ထုတ်လုပ်လျက်ရှိပါသည်။ လက်ရှိတွင် ဝန်ထမ်းဦးရေ ၂၂၅ ယောက်နှင့် လည်ပတ်နေပြီး ဝင်ငွေမှာ ယန်း ၁၀၇၃၃ သန်းကျော်ရှိကြောင်း ၂၀၁၈ မှတ်တမ်းများအရ သိရှိရပါသည်။