ထုတ်ကုန်အကြောင်း

စပါးအခြောက်ခံခြင်း နည်းလမ်းများ

person-image

သဘာဝအတိုင်းအခြောက်ခံခြင်း

ကုန်ကျစရိတ်သက်သာခြင်း ။ စပါးကိုဖြန်.ရန်နေရာကျယ်ကျယ်လိုခြင်း ၊စပါးဖြန်.ရန်နှင့် ပြန်သိမ်းရန် လူအင်အားလိုအပ်ခြင်း။ မိုးရွာချိန်တွင် စပါးလှန်းမရခြင်း။ စပါးအပေါ်ပိုင်းခြောက်သော်လည်း အောက်ပိုင်းမှာခြောက်ရန်ခက်ခြင်း။ စပါးအမြန်ခြောက်သွေ.ခြင်းကြောင့် စပါးများကွဲလွယ်ခြင်း။ အစိုဓာတ်ကို ထိန်းရန်ခက်ခြင်း။

person-image

မီးအပူဖြင့်အခြောက်ခံခြင်း

အမိုးအကာအောက်တွင် တပ်ဆင်ထားခြင်းဖြင့် မိုးရာသီတွင်လည်း အခြောက်ခံနိုင်။ ပစ္စည်းဈေးနှုန်းသက်သာ။ တပ်ဆင်ရန်နေရာလိုအပ် ၊စပါးဖြန်.ရန်နှင့်စပါးသိမ်းရန် လူအင်အားလိုအပ်။ စပါးအပေါ်ပိုင်းခြောက်သော်လည်း အောက်ပိုင်းမှာခြောက်ရန်ခက်ခြင်း။ စပါးခွံကိုလောင်ကျွမ်းထားသော လေပူကို တိုက်ရိုက်ထိတွေ.စေသောကြောင့် စပါးများမီးခိုးနံ.စွဲခြင်း ။ အစိုဓာတ်ကိုမထိန်းချုပ်နိုင်ခြင်း။

speaker

စပါးအခြောက်ခံစက်ဆိုသည်မှာ

ရိတ်သိမ်းပြီးသောစပါးကို အခြောက်ခံသောစက်
စပါးခွံလောင်ကျွမ်းခြင်းမှရသောလေပူ ကိုအသုံးပြုကာ စပါးအခြောက်ခံခြင်း။
ရိတ်သိမ်းပြီးသောစပါးမှာစိုထိုင်းစ ၂၀~၃၀%ရှိတတ်သော်လည်း
မြန်မာပြည်၏သတ်မှတ်စိုထိုင်းစမှာ ၁၄%ဖြစ် သည်။
ချက်ခြင်းအခြောက်မခံလျင် စပါးအရည်အသွေးကျခြင်း ပိုးထိုးခြင်းများ ဖြစ်နိုင် ။

လေဖြင့်အခြောက်ခံစက်၏ဖွဲ.စည်းပုံ

စက်အတွင်းရှိ စပါးများကိုအဆက်မပြတ်လည်စေပြီး ဖွဲမီးရှို့စက်မှရသော လေပူဖြင့်အခြောက်ခံ သောစနစ်ဖြစ်ပါသည်။
အဆက်မပြတ်ခြောက်သွေ.စေ သောစနစ်မဟုတ်ဘဲကြားဖြတ် ခြောက်သွေ့မှုအရည်အသွေး စစ်ဆေးသော သိုလှောင်ကန် တခုတပ်ဆင်ထားပါသည်။

ကြော်ငြာစာရွက်ကြည့်ရန်